ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုရီးယားတော်လှန်ရေးသမားတစ်ယောက်ရဲ့
ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
နိုင်ငံရေးသမားတစ်ယောက် တိုင်းတပါးမှာ ရပ်တည်ရတဲ့ ခက်ခဲမှုတွေ
ဖမ်းဆီးနှိပ်စက်ခံရမှုတွေ အမျိုးမျိုးဖြတ်ကျော်ပြီး ဂျပန်အုပ်ချုပ်မှုစနစ်ဆိုးကို
ဆန့်ကျင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း . . .
ငွေကြေးအင်အား လူအင်အား အစစအရာရာ လိုအပ်ချက်တွေများနေခဲ့တဲ့အတွက်
အင်အားကြီးတဲ့ ဂျပန်စစ်အစိုးရကိုမလွန်ဆန်နိုင်ခဲ့ပဲ
အသက်စွန့်ကာ သူ့ရဲ့မျိုးချစ်တော်လှန်ရေးစိတ်ဓာတ်ကို ပြသသွားခဲ့ပါတယ်။
သူနဲ့အတူအသက်ပေးခဲ့တဲ့ ဂျပန်မလေး ဖူမီကိုကလည်း လေးစားဖို့ကောင်းလှပြီး
မိန်းကလေးဖြစ်ပေမယ့် ဘယ်သူ့ကိုမှမကြောက်ပဲ အားလုံးနဲ့ရင်ဆိုင်ကာ
တော်လှန်ရေးတိုက်ပွဲဝင်ခဲ့တဲ့ ဂျပန်သူရဲကောင်းမလေးတစ်ဦးအဖြစ်
ဒီဇာတ်လမ်းရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပံ့ပိုး သရုပ်ဆောင်သွားတာ
အံဝင်ခွင်ကျရှိလှပါတယ်။
တော်လှန်ရေးခေတ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့
ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်မှာသေချာပါတယ်။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။ မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ 
http://adf.ly/1nluZA
  

0 comments:

Post a Comment