Home » » Stand by Me (1986) မြန်မာစာတန်းထိုး




Stand by Me (1986) မြန်မာစာတန်းထိုး
IMDB Rating : 8.1
Rottentomatoes : 91%
‌ဒီဇာတ်ကားလေးဟာ Stephen King ရဲ့ The body ဆိုတဲ့ ဝတ္ထုတိုကို အခြေခံကာ ရိုက်ကူးပုံဖော်ထားတဲ့ Teen Drama ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဂေါ်ဒီ်,ခရစ်,ဗဲန်း,တယ်ဒီ ဆိုတဲ့ သူငယ်ချင်းလေးဦးဟာ ညီအကို အရင်းပမာ ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ချင်ပါတယ် ဒါပေမယ့်လည်း ထိုလေးဦးမှာ အသက်အရွယ်နဲ့ မလိုက်အောင် နာကျည်းချက်များ ခံစားချက်များကို ရင်ဝယ်ထွေးပိုက်ထားရသူတွေဖြစ်ပါတယ် ဂေါ်ဒီဟာလည်း သေဆုံးသွားတဲ့ သူ့အကို ဘောလုံးသမား ဒန်နီလောက် အသုံးမကျဘူးဆိုပီး မိဘတွေ ဖိနှိပ်ထားခံရသူတစ်ဦးဖြစ်ပြီး ခရစ်ဟာလည်း ကျောင်းမှာ သူခိုးလေးဆိုပီး စွပ်စွဲခံရသူတစ်ဦး ဗဲန်းဟာလည်း ကလေးဆန်ဆန် နူံအလွန်းတာကြောင့် လူတွေရဲ့အဖက်လုပ်ခြင်ကို မခံရသူ တယ်ဒီဟာလည်း သူအဖေက စိတ်မနှံ့သူဆိုပီး လူတွေ ရှုံ့ချလို့ စိတ်ထိခိုက်နေသူ ဖြစ်ပါတယ် တနေ့ သူတို့ဆီကို ဗဲန်းက Back Harlow Road အလွန်တွင် သေဆုံးသူ Ray Brower ဆိုသော အလောင်းတစ်လောင်း ရှိကြောင်း ထို အလောင်းကို သက်ဆိုင်ရာအပ်ပီး သူတို့ကို လူတွေ ချီးကျူးအာရုံစိုက်အောင် လုပ်လိုကြောင်း ပြောပြီး Back Harlow Road ဆီ သးငယ်ချင်းလေးဦး ခရီးနှင်လာရင်း လမ်းမှာကြုံတွေ့ရတဲ့ အခက်ခဲတွေကို ရသမြောက်အောင် ရိုက်ကူးပုံဖော်ထားတဲ့ Drama ကားကောင်းလေးပါ တစ်ဖက်မလည်း ဂေါ်ဒီတို့နဲ့အပြိုင် မသမာသူတို့က ထို အလောင်းကို အခြေပြု ပြီး ကိုယ်ကျိုးအတွက် အသုံးချရန် ကြံရွယ်ချိန် ဂေါ်ဒီတို့ကကော တားဆီးနိုင်မှာလားဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့်ကားကောင်းပဲဖြစ်ပါတယ် Stephen King ရဲ့ Best Adaption တွေထဲမှာ နံပါတ် ၃ နေရာလိုက်တဲ့ဟဇာတ်ကားမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ
Review & Translated by Phoe Lamin Thar
Encoded by Win Kyaw Thu

720p HD 635.08 MB (openload)


0 comments:

Post a Comment