2009 ခုနှစ်မှာ ထွက်ခဲ့တဲ့ ဗီယန်နမ်ဇာတ်ကားဆိုပြီး အထင်တော့
မသေးလိုက်ပါနဲ့။ သူတို့ရဲ့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားတွေထဲက
တစ်ကားဖြစ်ကြောင်း IMDB မှာ 6.0 ရထားတာ သက်သေထူနေပါတယ်။
Poster မှာ ပြောထားရေးထားတဲ့ စာကြောင်းလေးက ဒီဇာတ်ကားရဲ့ အညွှန်းကို
ရေးစရာမလိုအောင် ဖော်ပြထားပါတယ်။ " Getting out the gang....is just as
hard as getting in." တဲ့။ ဟုတ်ပါတယ်။
တကယ့် Gangster ကားစစ်စစ်ပါ။
ဂိုဏ်းခေါင်းဆောင်ရဲ့ လက်ရုံးဖြစ်တဲ့ Trinh (Veronica Ngo) က အဓိကဇာတ်ဆောင်
အဖြစ်ပါဝင်ပြီး Quan (Johnny Tri Nguyen) ကလည်း တွဲဖက်ပါဝင်ထားပါတယ်။
ဒီဇာတ်ကားဟာ ၂၀၁၀ ခုနှစ်မှာ
Jeonju International Film Festival က ပေးအပ်တဲ့ NETPAC ( Network for the Promotion of Asian Cinema) Award ကို ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့အခန်းတွေဆိုရင်လည်း ၂၀၀၉ ခုနှစ်က ရိုက်တဲ့ကားဆိုပေမယ့် တော်တော် အဆင့်မှီပါတယ်။ သရုပ်ဆောင်တဲ့သူတွေကလည်း ခုချိန်ထိ နိုင်ငံတကာရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်နေရတုန်းပါပဲ။ မင်းသမီး Veronica Ngo ဆိုရင်လည်း Netflix က ထုတ်တဲ့ Crouching Tiger, Hidden Dragon: Sword of Destiny (2016) ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပါတယ်။
ဇာတ်လမ်းကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုကြည့်လိုက်ပါတော့ဗျာ။
Rated-R အဆင့် ရှိတဲ့ကားပါ။
(မှတ်ချက် - Gangster များသည် Tattoo မပါလည်း Gangster ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားပါသည်)
ရုပ်ရှင်အညွှန်း - #flim2mm
[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action
[FILE SIZE]:…………………….….:) 903 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 30 mins
[Translate By]:……………………..:) Kyaw Myo Thu
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
0 comments:
Post a Comment