Six Flying Dragons (2015-2016) မြန်မာစာတန်းထိုး
IMDb 8.9/10  ရာဇဝင်​ကား​ကောင်းကြိုက်​သူ​တွေအတွက်​  ဇာတ်​လမ်း ဇာတ်​အိမ်​ ခိုင်​ခံ့​ကောင်းမွန်​ပြီး တစ်​ပိုင်းပြီးတစ်​ပိုင်း ဇာတ်​ရှိန်​တက်​စွာကြည့်​ရမယ့်​ စီးရီးတစ်​ခုကို​စေတနာနဲ့ တင်​ဆက်​​ပေးချင်ပါတယ်​ ဇာတ်​လမ်းပိုင်း​ရော သရုပ်​​ဆောင်​​တွေပါ ထူးချွန်​ဆု​တွေ တသီကြီးရခဲ့တဲ့ ကားပါ ရုပ်​မြင်​သံကြားမှာ ပြည်​​တော်​သစ်​ဆီသို့ အမည်​နဲ့ ထုတ်​လွှင့်​ဖူးပြီး အပိုင်း ၅၀ရှိပါတယ်​တခြား​သောကား​တွေလို အချစ်​ အလွမ်း​တွေ သိပ်​မပါဘဲ ​ခေတ်​​ဟောင်းစနစ်​ဆိုးကို ပယ်​ဖျက်​ပြီး ​ခေတ်​သစ်​ စနစ်သစ်​ကို တည်​​ထောင်​ဖို့ သူ့​နေရာနဲ့သူ ကြိုးပမ်းခဲ့ပုံ​တွေ ​ခေတ်​စနစ်​တစ်​ခုရဲ့ ​ကောင်းကွက်​ ဆိုးကွက်​​တွေကိုပါ မီး​မောင်းထိုးပြပြီး ရိုက်​ကူးထားတာပါ အဓိကဇာတ်​​ဆောင်​ခြောက်​ဦးနဲ့  ဇာတ်​ပို့ဇာတ်​ရံ​တွေ ဇာတ်​လမ်းအလှည့်​အ​ပြောင်း​တွေ အများကြီး ​ပါလို့ ဇာတ်​လမ်းအစမှာ​တော့ အနည်းငယ်​ရှုပ်​​ထွေးသလို​ပေမယ့်​ ​လေးငါးပိုင်း​လောက်​ကြည့်​ပြီးရင်​​တော့ စွဲသွားပါလိမ့်​မယ်​ ***ဇာတ်​လမ်းအကျဉ်းက​တော့ ဂို​လျော​ခေတ်​​နှောင်းပိုင်း ဘုရင့်ဩဇာအာဏာကျဆင်းပြီး အမတ်​ကြီး​တွေ ကိုယ်​ကျိုးအတွက်​ပဲ သူတစ်​လူငါတစ်​မင်း အုပ်​စိုး​နေချိန်​မှာ ဂို​လျောကိုအဆုံးသတ်​ပြီး ဂျိုဆွန်းဆိုတဲ့ တိုင်းပြည်​သစ်​ စနစ်​သစ်​ တည်​​ထောင်​ဖို့ ဆန်​ဘုန်း ဂျန်​ဒိုဂျွန်းက ကြံစည်​ခဲ့ပါတယ်တိုင်းပြည်​သစ်​ရဲ့ ဘုရင်​အဖြစ်​ ​ဖြောင့်​မတ်​မှန်​ကန်​တဲ့ စစ်​သူကြီး ရီ​ဆောင်​ဂယ်​ကို ဆန်​ဘုန်းက တင်​​မြှောက်​ရန်​ ကြံပါတယ်​ စစ်​သူကြီးက သစ္စာ​ဖောက်​မဖြစ်​ချင်​တဲ့အတွက်​ ဘုရင်​ အဖြစ်​ မခံယူချင်​ပါဘူး ဆန်​ဘုန်းကို​လေးစားအားကျလို့ အကြံကို အပြည့်​အဝ​ထောက်​ခံပြီး တိုင်းပြည်​သစ်​ တည်​​ထောင်​ဖို့ ကူညီ​ပေးတဲ့သူက ရီ​ဆောင်​ဂယ်​ရဲ့ သားတစ်​ဦးဖြစ်​တဲ့ ရီဘန်​ဝန်းပါ ရီိဘန်​ဝန်းရဲ့ ငယ်​ချစ်​ဦး ဘွန်​ရီ အ​တော်​ဆုံးဓားသမား ဖြစ်​လာတဲ့ ဘွန်​ရီ့အကို လီဘန်​ဂျီခွန်​အားကြီးတဲ့သိုင်းသမား​လေး မူဟို တို့ကပါ ကျရာတာဝန်​ကို ပါဝင်​ကူညီကြပါတယ်​ သူတို့​တွေ အာဏာရှိအမတ်​​တွေကိုနိုင်​​အောင်​ ဘယ်​လိုရင်​ဆိုင်​ ​ဖြေရှင်း ကြိုးစားမလဲ တိုင်းပြည်​သစ်​တည်​​ထောင်​ဖို့ ဘယ်​လို အခက်​အခဲ အလှည့်​​အ​ပြောင်း​တွေ ​တွေ့ရမလဲဆိုတာကို စိတ်​ဝင်​စားဖွယ်​ ကြည့်​ရှုရမှာ ဖြစ်​ပါတယ် အဓိကဇာတ်​​ဆောင်​​တွေအဖြစ်​ မြန်မာပရိတ်သတ်​နဲ့ မစိမ်းလှတဲ့ နာမည်​​ကျော်​များဖြစ်​တဲ့ Yoo Ah In, Kim Myung Min, Shin Se Kyung, Byun Yo Han, Yoon Kyung Sang, Chun Ho Jin တို့မှ ပါဝင်​ထားပါတယ်​ ကြည့်​ရှုအား​ပေးကြပါဦး
Reviewed by Cai Qiu Ling
Translated by Cai Qiu Ling

Encoded by Win Kyaw Thu
** Step-1. " 5 စက္ကန့် " လောက်စောင့်ပေးပါ။
** Step-2. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ 


0 comments:

Post a Comment