နတ်မင်းရဲ့သားတော် ခွန်အားအကြီးဆုံးလူသား ဟာကျူလီ…. သူ့ကို ဇာတ်ကားအမျိုးမျိုး Version အမျိုးမျိုးမှာ မင်းသားအမျိုးမျိုးနဲ့ အသက်သွင်းခဲ့ကြပါတယ်။ ဒီတစ်ခါတော့ Smart down လောကကနေ မင်းသားအဖြစ် အောင်မြင်လာပြီး ဝင်ငွေအများဆုံးမင်းသားဖြစ်လာတဲ့ ဒဝိန်းဂျွန်ဆင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီကားလေးမှာ ဒဝိန်းဂျွန်ဆင်ရဲ့ ခပ်မိုက်မိုက် Bodyနဲ့ ခွန်အားကြီးတဲ့ ဟာကျူလီဇာတ်ရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ ဟာကျူလီရဲ့ မိန်းမနဲ့ကလေးတွေသေပြီးနောက် ပိုင်းမှာ ဇာတ်အိမ်တည်ထားပြီး ဟာကျူလီ သူ့အဖွဲ့နဲ့အတူ ကြေးစားလုပ်တဲ့ ပုံစံနဲ့ အသက်သွင်းထားပါတယ်။ ဂရိကား ကောင်းကောင်းကြိုက်တဲ့လူတွေ Mythology fanတွေ အပြင် Actionကားကြိုက်တဲ့လူတွေလည်း လက်မနှေးပဲ ကြည့်သင့်တဲ့ ကားကောင်းတစ်ခုဖြစ်ပါတယ်

0 comments:

Post a Comment