ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက
သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ။
ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေက အဓိက အချိန်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ ၊
ယူဆချက်တွေနဲ့မို့ တော်တန် ချက်ချင်းမသိခဲ့ဘူး ။ ကျွန်တော်တို့ဟာ အချိန်ကို
နောက်ပြန်ဆုတ်လို့ရရင် ဖြစ်ရပ်တစ်ချို့ကို ပြန်လည်ပြင်ဆင်နိုင်မယ်လို့
ထင်ကြတယ် ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ တစ်ချို့ဖြစ်ရပ်တွေကို
ပြောင်းပစ်လို့မရဘူးဆိုတာ သိလာတယ် ။ အချိန်က နောက်ပြန်ဆုတ်လို့ရပေမယ့်
ရှိနေကျ အရာတွေကတော့ ရှိနေဆဲပါပဲ ။
ဒီရုပ်ရှင်ကို ၂၀၀၆ ခုနှစ်က ရုံတင်ခဲ့ပြီး
ဒါရိုက်တာ Tony Scottရိုက်ကူးကာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့
Denzel Washington, Val Kilmer,Paula Patton, Bruce Greenwood, Adam
Goldberg နဲ့ Jim Caviezelတို့က သရုပ်ဆောင်ထားပါတယ် ။ အမေရိကန်ဒေါ်လာ
၇၅သန်းအကုန်ကျခံခဲ့ပြီး သန်း၁၈၀ကျော်ပြန်ရထားတာမို့
Thrillerစိတ်ဝင်စားသူများ အထူးကြည့်ရမဲ့ကားတစ်ကားဖြစ်ပါတယ် ။
အစိုးရပိုင် ရေကြောင်း ဖယ်ရီ တစ်ခုဖြစ်တဲ့
သဘောင်္တစ်ခုမှာ ကျောင်းသားတွေရော လူတော်တော်များများပါလိုက်ပါလာပါတယ် ။
အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောင်္ပေါ်မှာ
တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ် ။
သဘောင်္တစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို
အသေအပျောက်ကလည်းရာချီပါတယ် ။ ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF
Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ ။
သူဟာ Time Machine နည်းပညာအကူအညီနဲ့
သဘောင်္ဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇ၀တ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ် ။
Rashly Nay Win
[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime, Sci-Fi
[FILE SIZE]:…………………….….:) 631 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 6 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B
Deja Vu (2006)
Reviewed by မြန်မာစားတန်ထိုးဇာတ်ကားစုစည်းများ
on
October 30, 2017
Rating: 5
October 30, 2017

Home »
မြန်မာစားတန်ထိုးဇာတ်ကား
» Deja Vu (2006)
0 comments:
Post a Comment